လှည်းကူးမြို့နယ်၊ အင်းတိုင်သစ်နှင့် သစ်တောထွက် ပစ္စည်းစစ်ဆေးရေးစခန်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်ကျွန်းပါကေးများဖမ်းဆီးရမိ

၂-၅-၂၀၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် လှည်းကူးမြို့နယ်၊ အင်းတိုင်သစ်နှင့် သစ်တောထွက် ပစ္စည်းစစ်ဆေးရေးစခန်းအနီးနေရာ၌ မော်တော်ယာဉ်အမှတ်(3D/8745) FUSO (၁၂)ဘီး(အပြာရောင်)ယာဉ်ပေါ်မှ တရားမဝင်ကျွန်းပါကေး (၂၇၅၀)တုံး (၀.၈၅၉၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, May 3, 2019 - 16:00