မုံရွာမြို့နယ်၊ ကွေးကြီးရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ဆင်နှစ်ကောင်ဘုရားအနီးတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်ပိတောက်ခွဲသားများဖမ်းဆီးရမိ

၃-၅-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ မုံရွာမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မုံရွာမြို့နယ်၊ ကွေးကြီးရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ဆင်နှစ်ကောင်ဘုရားအနီးနေရာ၌ မော်တော်ယာဉ်အမှတ်(5I/9446) PAJERO ဗိုက်ဖောင်း(ခဲရောင်)ယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသား(၁၇)ချောင်း (၁.၀၆၉၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, May 6, 2019 - 13:30