အောင်လံမြို့နယ်၊ အရှေ့ရိုးမကြိုးဝိုင်းအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၅-၅-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်နှင့် ဆင်ပေါင်ဝဲမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဆင်ပေါင်ဝဲမြို့နယ်နှင့် အောင်လံမြို့နယ်တို့အတွင်း နယ်မြေရှင်းလင်းခြင်းဆောင်ရွက်ခဲ့ရာ အောင်လံမြို့နယ်၊ အရှေ့ရိုးမကြိုးဝိုင်းအကွက်(၂၇,၄၁,၄၂,၄၃,၄၄)အတွင်း တရားမဝင်ပျဉ်းကတိုး/ထောက်ကြံ/နဘဲ/ဘင်္ဂခွဲသား(၁၆၂) ချောင်း (၂၁.၃၇၉၆)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, May 6, 2019 - 13:30