မြစ်ကြီးနားမြို့နယ်၊ နောက်နန်းကျေးရွာအုပ်စု(ရိုစနာနယ်မြေ) ဝါးရုံတော အတွင်း တရားမဝင်သစ်များဖမ်းဆီးရမိ
ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ကချင်ပြည်နယ်၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး၏ သတင်းချပြချက် ဖြင့် ၆-၅-၂၀၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် မြစ်ကြီးနားမြို့နယ်၊ နောက်နန်းကျေးရွာအုပ်စု(ရိုစနာနယ်မြေ)ဝါးရုံတောအတွင်း စုပုံထားရှိသော တရားမဝင်ကညင်/ကြေးလံ/အခြားသစ်/ခြမ်း(၈၇)လုံး/ခြမ်း (၇၀)တန်ခန့်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
date:
Monday, May 6, 2019 - 13:30