တန့်ဆည်မြို့နယ်၊ ရေဦး-ကလေးဝကားလမ်းတွင် ထွန်းစက်(၂)စီး၊ တာယာဘီးတပ်လှည်း(၁)စီးနှင့် ထော်လာဂျီ အစိမ်းရောင်(၆)ဘီးယာဉ်တို့နှင့် တရားမဝင်သစ်ခွဲသားများ ဖမ်းဆီးရမိ

၃-၅-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန်ဆည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လ.ဝ.က ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တန်ဆည်မြို့နယ်၊ ရေဦး-ကလေးဝကားလမ်း၊ မိုင်တိုင်အမှတ် (၁၇/၄) အနီးတွင် မော်တော်ယာဉ်အမှတ်(၅ဌ/၅၀၅၇)ထော်လာဂျီစိမ်းပြာရောင် (၆)ဘီးယာဉ်နှင့် မိုင်တိုင်အမှတ်(၂၆/၀)အနီးတွင် နောက်တွဲပါထွန်းစက်(၂)စီးနှင့် တာယာဘီးတပ်လှည်း(၁)စီးတို့အား တရားမဝင်အင်/သစ်ယာခွဲသား (၃၉၇)ချောင်း (၁၅.၃၅၈၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, May 7, 2019 - 11:30