ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်အတွင်း တရားမဝင်သစ်များဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၃-၅-၂၀၁၉ ရက်နေ့တွင် ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် တီးတိန်မြို့နယ်၊ ရန်မျိုးအောင်ရွာအနောက်တောင်ဘက်နှင့် အနောက်ဘက်(၁)မိုင်ခန့်အကွာမှ တရားမဝင် ကျွန်း/ပျဉ်းကတိုး/ကညင်/ အင်သစ်လုံး/ခွဲသားဆိုဒ်စုံ (၂၇၀)လုံး/ချောင်း (၁၈.၈၀၂၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, May 7, 2019 - 11:30