ဥတ္တရသီရိမြို့နယ်၊ ပလွေးကြိုးဝိုင်းအတွင်း ဆိုင်ကယ်(၃)စီးပေါ်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၃-၅-၂၀၁၉ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးဆောင်သောသစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲ တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဥတ္တရသီရိမြို့နယ်၊ ပလွေးကြိုးဝိုင်း အကွက်(၇၆)အတွင်း ဆိုင်ကယ် (၃)စီးပေါ်မှ တရားမဝင် ကျွန်းဒါးရွှေ (၆၀)ချောင်း (၀.၀၈၄၀)တန် ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, May 7, 2019 - 11:30