မိုင်းဆတ်မြို့နယ်၊ “ဝ”အထူးဒေသ(၂)၊ နားယောင်းကျေးရွာအနီး၊ မိုင်းဆတ်-တာချီလိတ်သွားကားလမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်ပိတောက်ခွဲသားများ ဖမ်းဆီးရမိ
ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၄-၅-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ/မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ သစ်တောဦးစီးဌာနမှသစ်တောဝန်ထမ်းများ၊ ခလရ(၂၂၇)တပ်မှ တပ်ရင်းမှူးနှင့် တပ်မတော်သားများ၊ ပြင်ပဆက်ဆံရေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သောပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့နယ်၊ “ဝ”အထူးဒေသ(၂)၊ နားယောင်းကျေးရွာအနီး၊ မိုင်းဆတ်-တာချီလိတ်သွားကားလမ်းနေရာတွင် မော်တော်ယာဉ်အမှတ်မပါ Candar (အဖြူရောင်)ယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသား (၁၆) ချောင်း (၁.၇၀၅)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာ ဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။