လွိုင်လင်မြို့နယ်တွင် မော်တော်ယာဉ် (၄)စီးပေါ်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၄-၅-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ကြီး)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ နမ့်စန်တပ်နယ်မှ ဗိုလ်မှူးဇော်မင်းထွန်းပါ တပ်မတော်သားများ၊ နမ့်စန်စ.ရ.ဖမှ ဗိုလ်ကြီးပြည့်ဖြိုးအောင်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ်၊ မက်မွန်မုန်းကျေးရွာအုပ်စု၊ ကုန်းဘုတ်ကျေးရွာသို့သွားသောလမ်းဆုံ ကားလမ်းမကြီးပေါ်တွင် မော်တော်ယာဉ် (၄)စီးပေါ်မှ တရားမဝင်ပိတောက်သစ် (၃၀) လုံး (၈.၄၁၀၈)တန်၊ တရားခံ (၄)ဦး ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, May 7, 2019 - 11:45