သီပေါမြို့နယ်၊ အိုရီရမ်တယ်တိုးဂိတ်အနီးတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များဖမ်းဆီးရမိ

၅-၅-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ခမရ(၅၀၃)မှ တပ်မတော်သားများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သီပေါမြို့နယ်၊ အိုရီရမ်တယ်တိုးဂိတ်အနီး မိုင်တိုင်အမှတ်(၁၂၇/၁)မှ (၁၂၇/၂)ကြားနေရာ၌ မော်တော်ယာဉ်အမှတ်(YGN 8C/3266) (GRANVIA TOYOTA)(အနက်ရောင်) ယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသား (၆၇) ချောင်း (၁.၂၁၁၆)တန်အား ဖမ်းဆီး ရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, May 7, 2019 - 11:45