ထီးချိုင့်မြို့နယ်၊ မြတောင်ကင်းရုံးအထက် ရေလယ်သောင်ကမ်းစပ် တရားမဝင်ကျွန်းသစ်/ခွဲသား/ပကာများဖမ်းဆီးရမိ

၃-၅-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ သစ်တောဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းမျာအဖွဲ့သည် ထီးချိုင့်မြို့နယ်၊ မြတောင်ကင်းရုံးအထက် ရေလယ်သောင်ကမ်းစပ်နေရာတွင် တရားမဝင်ကျွန်းသစ်/ပကာ/ခွဲသား (၂၈၂၉) လုံး/ချောင်း (၂၄.၉၄၈၀)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, May 8, 2019 - 13:15