ပဲခူးမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလ်း၊ ဝေါမြို့ဝင်ဂိတ်တွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင် သစ်များ ဖမ်းဆီးရမိ

၅-၅-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ ဝေါမြို့ဝင်ဂိတ်အနီးနေရာ၌ မော်တော်ယာဉ်အမှတ်(YGN 8I/9829)မှန်လုံ (Express)(ခေါင်းဖြူစိမ်း)ယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသား(၂၆) ချောင်း (၂.၈၉၄၆)တန် ယာဉ်(၁)စီးနှင့် အတူ တရားခံ(၂)ဦးအား ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, May 8, 2019 - 13:15