ဘော်လခဲမြို့နယ်၊ နန်းဖဲ-လွိုင်ကော်ကားလမ်းတွင် မော်တော်ယာဉ်(၂)စီးနှင့် တရားမဝင်ပိတောက်ဓါးရွေများ ဖမ်းဆီးရမိ

၅-၅-၂၀၁၉ ရက်နေ့နှင့် ၆-၅-၂၀၁၉ ရက်နေ့တို့တွင် ကယားပြည်နယ်၊ ဘော်လခဲခရိုင်၊ ဘော်လခဲမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ စရဖတပ်စု(၄)မှ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘော်လခဲမြို့နယ်၊ နန်းဖဲ-လွိုင်ကော်ကားလမ်းတွင် မော်တော်ယာဉ်(MDY 1P/9227) Mini Bus ယာဉ်နှင့် မော်တော်ယာဉ်အမှတ်(YGN 2L/9131) CARAVAN ယာဉ်တို့ပေါ်မှ တရားမဝင်ပိတောက်ဓါးရွေ (၁၇) ချောင်း (၂.၀၉၀၆)တန်နှင့် တရားခံ(၁)ဦးအား ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, May 8, 2019 - 13:30