လေးမျက်နှာမြို့နယ်၊ လေးမျက်နှာကြိုးဝိုင်းအကွက်(၅၁)၊ ဂွ-ငါးသိုင်းချောင်းကားလမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်များဖမ်းဆီးရမိ

၅-၅-၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သတခရိုင်၊ လေးမျက်နှာမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် လေးမျက်နှာမြို့နယ်၊ လေးမျက်နှာကြိုးဝိုင်းအကွက်(၅၁)၊ ဂွ-ငါးသိုင်းချောင်းကားလမ်း၊ မိုင်တိုင်အမှတ်(၉/၃)အနီးနေရာ၌ မော်တော်ယာဉ်အမှတ်(AYY 2B/5406) NISSAN (၆)ဘီးယာဉ်ပေါ်မှ တရားမဝင်တောင်သရက်ခွဲသား (၅၄) ချောင်း (၇.၂၉၁၄)တန်အား တရားခံ(၁)ဦးနှင့်အတူ ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, May 8, 2019 - 13:30