ကလေးဝမြို့နယ်၊ ကျွဲတပ်ရွာနှင့် ကျွဲခြံရွာအနီး တရားမဝင်သစ်များဖမ်းဆီးရမိ

၆-၅-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ သစ်တောဦးစီး ဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကလေးဝမြို့နယ်၊ ကျွဲတပ်ရွာအနောက်ဘက်နှင့် ကျွဲခြံရွာ အရှေ့ဘက်နေရာတို့မှ တရားမဝင်အင်/သစ်ယာခွဲသား(၁၈၆)ချောင်း (၁၁.၁၄၄၂)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, May 8, 2019 - 13:30