ဂွမြို့နယ်အတွင်း တရားမဝင်သစ်များဖမ်းဆီးရမိ

၆-၅-၂၀၁၉ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဂွမြို့နယ်၊ ဒေသအခေါ်(၁၁)မိုင်ပေါက်၊ မကလာပင်လမ်းခွဲ၊ ဒေသအခေါ်ကျောက်လမ်းပေါက်နေရာတို့မှ တရားမဝင်တောင်သရက်ခွဲသား(၈၈)ချောင်း (၁၆.၂၅၁၈)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, May 8, 2019 - 13:30