သာပေါင်းမြို့နယ်၊ မရမ်းချိုကျေးရွာတွင် တရားမဝင် သစ်များ ဖမ်းဆီးရမိ

၆-၅-၂၀၁၉ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ်၊ ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သာပေါင်းမြို့နယ်၊ မရမ်းချိုကျေးရွာအုပ်စု၊ ဘုန်းကြီးကွင်းရှိ ဦးစိုးမင်းနောင်ပိုင် ဉယျာဉ်ခြံအတွင်း တရားမဝင် တောင်သရက်ခွဲသား (၈၇)ချောင်း (၁၅.၇၀၈၆)တန်နှင့် တရားခံ(၆)ဦးအား ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, May 9, 2019 - 12:30