သဲကုန်းမြို့နယ်၊ ဝက်ပုတ်-ပေါင်းတလည်ကားလမ်းတွင် မော်တော်ယာဉ်(၂)စီးနှင့် တရားမဝင် သစ်များဖမ်းဆီးရမိ

၂-၅-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သဲကုန်းမြို့နယ်၊ ဝက်ပုတ်-ပေါင်းတလည်ကားလမ်းမိုင်တိုင် အမှတ် (၁၉/၂)နှင့်(၁၉/၃) အကြားကားလမ်းပေါ်ရှိ မော်တော်ယာဉ်အမှတ်(3K-2820) (A6-FAW)ကားအပြာနှင့် မော်တော်ယာဉ်အမှတ် (YGN)(5G-5767)A6-FAWကားအနီ တို့ပေါ်မှ တရားမဝင်ကျွန်းသစ် (၃၂) လုံး (၆.၉၅၈၀)တန်နှင့် တရားခံ (၇)ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး ၊ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, May 9, 2019 - 13:15