ဖောင်းပြင်မြို့နယ်အတွင်း တရားမဝင်သစ်များဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု့သတင်းပို့စနစ်- CMRS ဖြင့် သတင်း ပေးပို့ချက်အရ ၇-၅-၂၀၁၉ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် ဖောင်းပြင် မြို့နယ်၊ ပင်းခန်းချောင်းဖျားနေရာတွင် တရားမဝင် တမလန်းဓါးရွှေ (၃၇)လုံး (၆.၉၁၄၆)တန်တို့အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Thursday, May 9, 2019 - 13:15