အောင်လံမြို့နယ်၊ ရွာမထုံးကျေးရွာအနီးတွင်တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ မကွေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး၏ သတင်းချပြချက်ဖြင့် ၈-၅-၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ အဖွဲ့သည် အောင်လံမြို့နယ်၊ ရွာမထုံးကျေးရွာအနောက်မြောက်ဘက် (၁)မိုင်ခွဲခန့်အကွာနေရာ၌ တရားမဝင်ကျွန်း/ပိတောက်/ပျဉ်းကတိုးခွဲသားစုစုပေါင်း (၄၉)ချောင်း (၄.၇၈၅၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, May 9, 2019 - 15:45