ကနီမြို့နယ်၊ မုံရွာ-ယာကြီး-ကလေးဝကားလမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင် သစ်များဖမ်းဆီးရမိ

၇-၅-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ သစ်တောဦးစီးဌာနမှ ခရိုင်စစ်ကြောင်းအဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သောပူးပေါင်းအဖွဲ့သည် ကနီမြို့နယ်၊ မုံရွာ-ယာကြီး-ကလေးဝကားလမ်း၊ မိုင်တိုင်အမှတ်(၄၆/၅)၊ သနပ်ချောင်းအနီးနေရာ၌ မော်တော်ယာဉ်အမှတ်(SHN N/6920)NISSAN(၆)ဘီး(ဖြူပြာကြား)ယာဉ်ပေါ်မှတရားမဝင်ပိတောက်ခွဲသား(၅၄)ချောင်း(၇.၁၆၅၆) တန်အား ဖမ်းဆီးရမိခဲ့ပြီး ၊ ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, May 9, 2019 - 16:00