တိုက်ကြီးမြို့နယ်၊ မြို့မ(၁)နယ်မြေ၊ တိုက်ကြီး-ဖူးကြီးလမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်ကျွန်းခွဲသား/တံခါးရွက်များ ဖမ်းဆီးရမိ

၈-၅-၂၀၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် တိုက်ကြီးမြို့နယ်၊ မြို့မ(၁)နယ်မြေ၊ တိုက်ကြီး-ဖူးကြီးလမ်းပေါ်မှ မော်တော်ယာဉ်အမှတ်မပါ NISSAN ယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား/တံခါးရွက်(၁၈၇) ချောင်း /ချပ် (၆.၅၉၉၃)တန်အား ဖမ်းဆီး ရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, May 10, 2019 - 12:00