ပုလဲမြို့နယ်အတွင်းမှ တရားမဝင် သစ်နှင့်ဆက်စပ်ပစ္စည်းများဖမ်းဆီးရမိ

၇-၅-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ သစ်တောဦးစီးဌာနမှ ခရိုင်စစ်ကြောင်းအဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သောပူးပေါင်းအဖွဲ့သည် ပုလဲမြို့နယ်၊ တောင်ပိတောက် ကုန်းကျေးရွာ၏ မြောက်ဘက်နှင့် အရှေ့ဘက်နေရာတို့မှ တရားမဝင်ကျွန်း/ ပျဉ်းကတိုး/ အင်/ သန်း/ နှော/ တယ်/ ကြို့/ ထောက်ကြံ့ သစ်/ခွဲသား(၁၂၀)လုံး/ချောင်း (၁၉.၃၂၃၆)တန်နှင့် သစ်စက်ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော် ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, May 10, 2019 - 12:00