ညောင်ဦးမြို့နယ်၊ ကြူပင်ကွေ့တောရကျောင်းအနီးတွင် ကားခေါင်းတွဲမပါ နောက်တွဲယာဉ်နှင့် တရားမဝင်ပိတောက်ခွဲသားများဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ မကွေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးတို့၏ ပူးပေါင်းချိတ်ဆက် သတင်းချပြချက်ဖြင့် ၉-၅-၂၀၁၉ ရက်နေ့တွင် ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့သည် ညောင်ဦးမြို့နယ်၊ ကြူပင်ကွေ့တောရကျောင်းအနီး၊ ရေကန်ဘောင်တွင် ကားခေါင်းတွဲမပါ နောက်တွဲယာဉ်အား တရားမဝင်ပိတောက်ခွဲသား(၁၅)တန်ခန့်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, May 10, 2019 - 12:00