တောင်ငူမြို့နယ်၊ ချောင်းမငယ်ချောင်းဘေးမှ တရားမဝင် သစ်များဖမ်းဆီးရမိ

၇-၅-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တော ဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် တောင်ငူမြို့နယ်၊ ဆီပုတ်ခုံအထက်(၃)ဖာလုံခန့်အကွာ၊ ချောင်းမငယ်ချောင်းဘေးမှ တရားမဝင် ကျွန်းခွဲသား (၁၀၄၄) ချောင်း(၆.၈၃၇၂)တန် ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, May 10, 2019 - 12:00