ရမ်းဗြဲမြို့နယ်၊ ကုလားပုန်းချောင်းအတွင်း စက်လှေ (၁)စီးပေါ်မှ တရားမဝင် ထင်းများဖမ်းဆီးရမိ

၅-၅-၂၀၁၉ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရမ်းဗြဲမြို့နယ်၊ ကုလားပုန်းအုပ်စု၊ ကုလားပုန်းချောင်းအတွင်း စက်လှေ (၁)စီးပေါ်မှ တရားမဝင် ကန့်ပလာ/လဘ/သမဲ့ကြီး ထင်း (၂၀၂၂) ချောင်း (၁၀.၄၅၄၄) တန်၊ တရားခံ (၃)ဦး ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, May 13, 2019 - 10:30