တမူးမြို့နယ်အတွင်းမှ တရားမဝင် သစ်များနှင့်ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

၇-၅-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်ဦ၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် တမူးမြို့နယ်၊ ခမ်းပတ်မြို့၏ အနောက်ဘက်(၄)ဖာလုံခန့်အကွာမှ တရားမဝင် ကျွန်း/ကညင် ခွဲသား(၂၀၂) ချောင်း (၆.၈၁၉၂) တန်၊ အင်ဂျင်(၁)လုံးနှင့်ဆက်စပ်ပစ္စည်း(၅)မျိုး ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေးစီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, May 13, 2019 - 10:45