ကန့်ဘလူမြို့နယ်အတွင်း မော်တော်ယာဉ် (၁)စီးပေါ်မှ တရားမဝင် အင်ကြင်းခွဲသားများဖမ်းဆီးရမိ

၈-၅-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်၊ သစ်တော ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သောသစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကန့်ဘလူမြို့နယ်၊ မလယ်ကျေးရွာ မြောက်ဘက်(၄)ဖာလုံခန့်အကွာ၊ တံငါလန်ဆိပ်ကမ်းနေရာ၌ မော်တော်ယာဉ်အမှတ်၊ MGY/2B-9438 (ဟီးနိုး(၆)ဘီး၊ အစိမ်းရောင်)ပေါ်မှ တရားမဝင် အင်ကြင်းခွဲသား (၂၁၆) ချောင်း (၃.၃၈၀၄) တန်၊ ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Monday, May 13, 2019 - 10:45