ကွန်ဟိန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်အနီးတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်တမလန်းသစ်/ဓါးရွေများဖမ်းဆီးရမိ

၉-၅-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ခ.လ.ရ (၁၅၁)မှ ဗိုလ်ကြီးမျိုးသက်တင် တို့ပါဝင်သောပူးပေါင်းအဖွဲ့သည် ကွန်ဟိန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်အနီးနေရာတွင် မော်တော်ယာဉ်အမှတ်(7J/4259) SURF (ခဲရောင်)ယာဉ်ပေါ်မှ တရားမဝင်တမလန်းသစ်/ဓါးရွေ(၂၆) လုံး/ချောင်း (၀.၈၃၅၄)တနအား ဖမ်းဆီး ရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, May 14, 2019 - 09:45