ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်စစ်ဆေးရေးစခန်းတွင် မော်တော်ယာဉ်(၂)စီးနှင့် တရားမဝင်ကျွန်းခွဲသားများဖမ်းဆီးရမိ

၁၁-၅-၂၀၁၉ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ အကောက်ခွန်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ မူးယစ်အထူးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ က.ည.နမှဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်စစ်ဆေးရေးစခန်း၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ်(၉၅/၅)အနီးနေရာ၌ မော်တော်ယာဉ်အမှတ်(2P/1467)HIJET (အဖြူရောင်)ယာဉ် နှင့် မော်တော်ယာဉ်အမှတ်(8G/6432) Super Custom ယာဉ်များပေါ်မှ တရားမဝင်ကျွန်းခွဲသား (၃၂)ချောင်း (၃.၀၇၄၀)တန်နှင့် တရားခံ(၁)ဦးအား ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, May 14, 2019 - 09:45