တမူးမြို့နယ်အတွင်း လှည်းကတုံး(၃)စီးနှင့် တရားမဝင်သစ်များဖမ်းဆီးရမိ

၁၁-၅-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တမူးမြို့နယ်၊ အလှော်ကျေးရွာအရှေ့ဘက်နှင့် မင်းသမီးကျေးရွာအရှေ့ဘက် နေရာ လှည်းကတုံး (၃)စီးပေါ်မှ တရားမဝင် ကညင်/ကျွန်း ခွဲသား (၈၃)ချောင်း (၁၂.၀၉၂၄)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, May 14, 2019 - 09:45