ပုသိမ်မြို့နယ်၊ ငွေဆောင်-ဆင်မကားလမ်းတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်ခွဲသားများဖမ်းဆီးရမိ

၁၀-၅-၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်မြို့နယ်၊ ငွေဆောင်-ဆင်မကားလမ်း၊ ဘူးကွဲရွာအနီးနေရာ၌ မော်တော်ယာဉ်အမှတ်(1L/8303) (Faw)(အပြာရောင်)ယာဉ်ပေါ်မှ တရားမဝင်ဘောင်ဆန့်ခွဲသား(၂၉)ချောင်း (၁.၀၉၁၈)တန်နှင့် တရားခံ(၂)ဦးအား ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, May 14, 2019 - 09:45