ဘုတလင်မြို့နယ်၊ ရွှေစာရေးကျေးရွာဆိပ်ကမ်း မော်တော်(၁)စီးပေါ်မှ တရားမဝင်အင်ခွဲသားများ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၀-၅-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘုတလင်မြို့နယ်၊ ရွှေစာရေးကျေးရွာဆိပ်ကမ်းနေရာ မော်တော်(၁)စီးပေါ်မှ တရားမဝင်အင်ခွဲသား(၅၈) ချောင်း (၁.၃၈၅၀)တန်၊ တရားခံ (၁)ဦး ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင်အမှုဖွင့်ဆောင်ရွက်လျက်ရှိ ပါသည်။ ထို့အပြင် အခြားမော်တော်(၂)စီးပေါ်မှလည်း သစ်ပါးလွှာထုတ်အပို (၃၀)ထုတ် ခန့်မှန်း (၁၀)တန်ခန့် တွေ့ရှိရ၍ ဆက်လက်စစ်ဆေးလျက်ရှိပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။

date: 
Tuesday, May 14, 2019 - 09:45