လားရှိုးမြို့နယ်၊ လားရှိုး-မူဆယ်လမ်းဟောင်းနေရာ ယာဉ် (၁)စီးပေါ်မှ တရားမဝင်ပိတောက်ခွဲသား များဖမ်းဆီးရမိ

၁၁-၅-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ လားရှိုး-မူဆယ်လမ်းဟောင်းမိုင်တိုင် (၁၈၃/၂)နှင့် (၁၈၃/၃)ကြား ယာဉ်အမှတ်၊ MDY-4H/2118 (WISH အဖြူရောင်)ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၃၆)ချောင်း (၁.၁၅၀၈)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများ အား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

date: 
Tuesday, May 14, 2019 - 09:45