ဘောလခဲမြို့နယ်၊ ရွာသစ်-လွိုင်ကော်သွားကားလမ်းတွင်တွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်ကျွန်းခွဲသားများဖမ်းဆီးရမိ

၁၀-၅-၂၀၁၉ ရက်နေ့တွင် ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ စရဖတပ်စု(၄)မှ ဗိုလ်ကြီးမျိုးသန့်ဇင်ပါ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဘောလခဲမြို့နယ်၊ ရွာသစ်-လွိုင်ကော်သွားကားလမ်းတွင် မော်တော်ယာဉ်အမှတ်(2I/8054) Super Custom (ခဲရောင်)ယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား(၃၅)ချောင်း (၂.၀၂၉၂)တန်နှင့် တရားခံ(၁)ဦးအား ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, May 14, 2019 - 09:45