ရေကြည်မြို့နယ်တွင် တရားမဝင်သစ်စက်များနှင့် တရားမဝင်သစ်ခွဲသားများ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၉-၅-၂၀၁၉ ရက်နေ့မှ ၁၀-၅-၂၀၁၉ ရက်နေ့ထိ ဧရာဝတီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆောင်သောသစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေကြည်မြို့နယ်၊ ပန်းပုကွင်းကျေးရွာအုပ်စု၊ သရက်ပင်ကြီးကျေးရွာအနီးနေရာ၊ ပန်းပုကွင်းကျေးရွာအတွင်းနှင့် အနီးဝန်းကျင်နေရာများမှ တရားမဝင်သစ်စက်နှင့် ဆက်စပ်ပစ္စည်းများ၊ တရားမဝင်ကြက်ရိုး၊ ကြက်တူရွေး၊ ကတီ၊ တောင်သရက်၊ ကညင်ခွဲသား စုစုပေါင်း(၁၁၄၁) ချောင်း (၁၀၆.၅၂၄၃)တန်နှင့် တရားခံ(၁)ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, May 14, 2019 - 09:45