ကြံခင်းမြို့နယ်၊ တလိုင်းကွင်းကျေးရွာ၊ ပန်းရံစုကျေးရွာလမ်းဆုံတွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်သစ်ခွဲသားများဖမ်းဆီးရမိ

၁၁-၅-၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သတခရိုင်၊ ကြံခင်းမြို့နယ်၊ သစ်တောဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြနမာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်မော်တော်ယာဉ်စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကြံခင်းမြို့နယ်၊ တလိုင်းကွင်းကျေးရွာအုပ်စု၊ တလိုင်းကွင်းကျေးရွာ၊ ပန်းရံစုကျေးရွာလမ်းဆုံတွင် မော်တော်ယာဉ်အမှတ်(AYY G/6051) HINO TE-11ယာဉ်ပေါ်မှ တရားမဝင်နဘဲ/သပြေ/ထောက်ကြန့်/သရက်/မျောက်ချော/ချဉ်ယုတ်/သစ်ဆိမ့်/ကုတ်ဟဲ/ဘင်္ဂ/ ဇင်ပြွန်း ခွဲသား(၆၉)ချောင်း (၆.၃၁၅၈)တန်နှင့် တရားခံ(၁)ဦးအား ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, May 14, 2019 - 10:00