မိုးနဲမြို့နယ် အတွင်း တရားမဝင်သစ်များဖမ်းဆီးရမိ

၁၂-၅-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ အမှတ်(၂၉၅) ခြေလျင်တပ်ရင်း မှ ဗိုလ်မှူး မင်းအောင်ဖြိုး နှင့်ပူးပေါင်းအဖွဲ့သည် လွိုင်အိုင်ကြိုးဝိုင်းပါလိုင်ရွာနှင့် (၃)မိုင်ခန့်တောတွင်းမှ အင်သစ်လုံး (၁၃၀)လုံး (၅၁.၄၇၄၀)တန် ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနှင့်အညီ ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းဖော်ထုတ်၍ အရေးယူနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, May 15, 2019 - 11:45