မြစ်ကြီးနားမြို့နယ်၊ ရွှေစက်ရပ်ကွက်တွင် တရားမဝင်သစ်များဖမ်းဆီးရမိ

၁၃-၅-၂၀၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မြစ်ကြီးနားမြို့နယ်၊ ရွှေစက်ရပ်ကွက်၊ တရုတ်သင်္ချိုင်းနှင့် ခရစ်ယာန်သင်္ချိုင်းကြားနေရာတွင်တရားမဝင်ကညင်/ကြေးလံ/တောဇီး/မအူသစ်(၅၄)လုံး(၅၄.၀၃၀) တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ် ၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Wednesday, May 15, 2019 - 11:45