ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေး) ဦးဇော်မင်းနှင့် တာဝန်ရှိသူများအား Amimoto Keisuke (Economie and Development Assistancd Section)Embassy of Japan, Yangon, Myanmar မှလာရောက်တွေ့ဆုံ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌ ၁၅-၅-၂၀၁၉ ရက်နေ့ (၁၃:ဝဝ) နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေး) ဦးဇော်မင်းနှင့် တာဝန်ရှိသူများအား Amimoto Keisuke (Economie and Development Assistancd Section)Embassy of Japan, Yangon, Myanmar မှ လာရောက်တွေ့ဆုံ၍ CoP17 အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် ဆင်စွယ်ဈေးကွက်/ အရောင်းဆိုင်များ ပိတ်သိမ်းရန်ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ အာဖရိကတိုက်ရှိ နိုင်ငံ(၉)နိုင်ငံမှ CoP18 တွင် ထပ်မံဆွေးနွေးရန် အဆိုပြုလာခြင်းအပေါ် ဂျပန်နိုင်ငံမှ တင်သွင်းမည့် ကန့်ကွက် ကြောင်းသဘောထားအဆိုပြုလွှာအပေါ်တွင် မြန်မာနိုင်ငံ၏ သဘောထား မှတ်ချက်အား သိရှိလိုခြင်းနှင့်စပ်လျဉ်း၍ဆွေးနွေးခဲ့ပါသည်။

date: 
Wednesday, May 15, 2019 - 14:15