ဘုတလင်မြို့နယ် အတွင်း တရားမဝင်သစ်များဖမ်းဆီးရမိ

၁၂-၅-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ မြို့နယ်ဦးစီးမှူး ဦးဆောင်သော ရွှေစာရေးစစ်ကြောင်း ပူးပေါင်းအဖွဲ့သည် ဘုတလင်မြို့နယ်၊ ညောင်သူများ ကျေးရွာအနီး ချင်းတွင်းမြစ်အတွင်းမှ တရားမဝင် ကျွန်း/အင်/ကညင်/သစ်ယာ/ လုံးပတ် (၃)ပေအောက် ကျွန်း/ပျဉ်းကတိုး (၂၇၄) လုံး/ချောင်း (၃၆.၃၅၈၂)တန် ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနှင့်အညီ ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းဖော်ထုတ်၍ အရေးယူနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, May 16, 2019 - 11:15