ပြည်ကြီးတံခွန်မြို့နယ်၊ (က)ရပ်ကွက်တွင်ခရီးသည်တင်မှန်လုံယာဉ်(၂)စီးနှင့် တရားမဝင်ပိတောက်ခွဲသားများဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၄-၅-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြည်ကြီးတံခွန်မြို့နယ်၊ (က)ရပ်ကွက်၊ မြဝတီမင်းကြီးလမ်းနှင့် သာယာဝတီမင်းကြီးလမ်းကြား၊ (၆၇)လမ်းနေရာတွင် မော်တော်ယာဉ်အမှတ်(SHN 3C/3742) ပေါက်ရွှေပြည်မှန်လုံယာဉ်နှင့် မော်တော်ယာဉ်အမှတ်(SHN 5C/6155)ပေါက်ရွှေပြည်မှန်လုံယာဉ်တို့ပေါ်မှ တရားမဝင်ပိတောက် ခွဲသား (၁၅၁) ချောင်း (၃.၀၀၁၄)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများ အား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက် လျက်ရှိပါသည်။

date: 
Thursday, May 16, 2019 - 11:15