ပုလဲမြို့နယ်၊ မုံသွင်ကျေးရွာမာလာရုံဘုန်းကြီးကျောင်းမြောက်ဘက်လမ်းတွင် မော်တော်ယာဉ်(၁)စီး နှင့် တရားမဝင်ပိတောက်ခွဲသားများ ဖမ်းဆီးရမိ

၁၄-၅-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ပုလဲမြို့နယ်၊ မုံသွင်ကျေးရွာမာလာရုံဘုန်းကြီးကျောင်းမြောက်ဘက်လမ်းပေါ်တွင် မော်တော်ယာဉ်အမှတ် (MDY 9G/4307) (SKAT)ယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသား (၃၆) ချောင်း (၃.၂၆၀၈)တန် အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, May 16, 2019 - 14:15