ကလေးဝမြို့နယ်၊ ကလေးဝ-မော်လိုက်ကားလမ်း ယာဉ်(၁)စီးပေါ်မှ တရားမဝင်ပျဉ်းကတိုးခွဲသား များ ဖမ်းဆီးရမိ
၁၅-၅-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ကလေးဝ မြို့နယ်၊ ကလေးဝ-မော်လိုက်ကားလမ်း (၃/၄)အနီး မော်တော်ယာဉ်အမှတ် (SGG/2B-1833 ဟီးနိုးရိန်းဂျား (၆)ဘီး)ယာဉ်ပေါ်မှ တရားမဝင်ပျဉ်းကတိုးခွဲသား (၁၅၇) ချောင်း (၂.၉၂၀၈) တန် အား ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
date:
Friday, May 17, 2019 - 11:15