ဒိုက်ဦးမြို့နယ်၊ အိမ်ခြေလေးဆယ်ကျေးရွာ၊ ရန်ကုန်-မန္တလေးအမြန်လမ်း ယာဉ်(၁)စီးပေါ်မှ တရားမဝင်ပျဉ်းကတိုးခွဲသားများ ဖမ်းဆီးရမိ

၁၅-၅-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများသည် ဒိုက်ဦးမြို့နယ်၊ အိမ်ခြေလေးဆယ်ကျေးရွာ၊ ရန်ကုန်-မန္တလေးအမြန်လမ်းဟောင်းမိုင်တိုင် (၈၃/၃)အနီး မော်တော်ယာဉ်အမှတ် (BGO-7I/8465 LIFAN (၆)ဘီး အနီရောင်)ယာဉ်ပေါ်မှ တရားမဝင်ပျဉ်းကတိုးခွဲသား (၂၀၂) ချောင်း (၂.၃၁၃၀) တန်၊ တရားခံ (၃)ဦး ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီအရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, May 17, 2019 - 11:15