ကလောမြို့နယ် (ပူးတွဲ) ပင်လောင်းမြို့နယ် အတွင်း တရားမဝင်သစ်များဖမ်းဆီးရမိ

၁၃-၅-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကလောမြို့နယ်(ပူးတွဲ)ပင်လောင်းမြို့နယ်မှ ဦးစီးအရာရှိ ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ကလောမြို့နယ် (ပူးတွဲ) ပင်လောင်းမြို့နယ်၊ ပေါင်းလောင်း ချောင်းနှင့် အင်းဝန်ချောင်းဖျားအထက်အနီးမှ တရားမဝင် ကညင်သစ်လုံး/ခွဲသား/ခွဲခြမ်း (၂၀)တန်ခန့် နှင့်အတူ သစ်စက်(၂)လုံး၊ ချိန်းဆော(၄)လုံး၊ ထော်လာဂျီ(၁)စီးတို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းဖော်ထုတ်၍ အရေးယူနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, May 20, 2019 - 11:15