မင်းကင်းမြို့နယ် တွင် မော်တော်ရေယာဉ်(၁)စီးနှင့် တရားမဝင်တမလန်းခွဲသားများ ဖမ်းဆီးရမိ
ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်- CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၆-၅-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများမှ မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ်အတွင်း၊ လောင်းပြည့်ရွာ၏အနောက်မြောက်ဘက်(၂)ဖာလုံ ခန့်အကွာတွင် (၆)လုံးထိုး(အစိမ်းရောင်)(သံခွံ) မော်တော်(၁)စီးပေါ်မှ တရားမဝင် တမလန်းခွဲသား (၃၄)ချောင်း (၇.၄၅၈၀)တန်ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံ များအားစုံစမ်းရှာ ဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ပါသည်။
date:
Monday, May 20, 2019 - 11:15