မြဝတီမြို့နယ်တွင် မော်တော်ယာဉ်(၁)စီးနှင့် အတူ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၆-၅-၂၀၁၉ ရက်နေ့တွင် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာရာအိမ်မှူးတို့ပါဝင်သော ပူးပေါင်း အဖွဲ့သည် မော်တော်ယာဉ်အမှတ် (YGN 7B/1557) (အဖြူရောင်)ယာဉ်ပေါ်မှ တရားမဝင် ကြက်ရိုး (လျှာထိုးခွဲသား) (၁၂၉၀)ချောင်း (၁.၃၇၈၄)တန်နှင့် တရားခံ(၁)ဦးအား ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက် လျက်ရှိပါသည်။

date: 
Monday, May 20, 2019 - 11:15