အမရပူရမြို့နယ်တွင် မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင် ပိတောက်ဓါးရွေ များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်- CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၆-၅-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဆွယ်တော်ပွတ်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် အမရပူရမြို့နယ်၊ ဆင်စွယ်ပွတ်ရပ်ကွက်၊ တောင်သမန်အင်းအနောက်ဘက်၊ ကန်ပတ်လမ်းပေါ်တွင် ရပ်တန့်ထားသော မော်တော်ယာဉ်အမှတ် (YGN-2H/9127) (TOYOTA IPSUM) (၄)ဘီး (အဖြူရောင်) ယာဉ်(၁)စီးပေါ်မှ တရားမဝင် တမလန်းဓါးရွေ (၁၄)တုံး (၀.၆၅၅၄)တန်၊ တရားခံ(၁)ဦး ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက် လျက်ပါသည်။

date: 
Monday, May 20, 2019 - 14:00