မြန်မာနိုင်ငံရှိ အရေးကြီးဂေဟစနစ်များထိန်းသိမ်းရေးဆိုင်ရာအနီရောင်စာရင်းရေးဆွဲပြု စုရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကျင်းပ

မြန်မာနိုင်ငံရှိ အရေးကြီးဂေဟစနစ်များထိန်းသိမ်းရေးဆိုင်ရာအနီရောင်စာရင်းရေးဆွဲပြု စုရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀-၅-၂၀၁၉ ရက်နေ့၊ နံနက်(ဝ၉:ဝ၀)နာရီအချိန်၌ အမရဟိုတယ် တွင် ကျင်းပရာ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း) ဦးကျော်ကျော်လွင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။ အခမ်းအနားသို့ ဆက်စပ်အစိုးရဌာနများမှ ကိုယ်စားလှယ်များ၊ တက္ကသိုလ်များမှ ကိုယ်စားလှယ်များ၊ သစ်တောဦးစီးဌာနမှ အရာရှိကြီးများ ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါမောက္ခချုပ်၊ အဆင့်မြင့်အရာရှိများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ကြပါသည်။

date: 
Monday, May 20, 2019 - 14:30